Skip to main content

Posts

Featured

မွန်အမျိုးသားပညာရေးသည်အရေးကြီး၏

မွန်တော်လှန်ရေးသမိုင်းကို ပြန်ကြည့်လျှင် စစ်ရေးအောင်မြင်မှုများထက် ပိုမိုခိုင်မာပြီး ရေရှည်တည်တံ့သော အောင်မြင်မှုတခုကို တွေ့ရသည်။ ယင်းမှာ မွန်အမျိုးသားပညာရေး ဖြစ်သည်။ Ashley South က မွန်ပြည်သစ်ပါတီ (NMSP) ၏ အထိရောက်ဆုံးသော လုပ်ဆောင်ချက်မှာ စစ်တိုက်ခြင်းမဟုတ်ဘဲ၊ ပညာရေးမှတဆင့် အမျိုးသားရေးစိတ်ဓာတ်ကို တည်ဆောက်ခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့သည်။ ဤဆောင်းပါးတွင် မွန်အမျိုးသားကျောင်းများနှင့် နွေရာသီစာပေသင်တန်းများသည် မွန်လူမျိုးကို မပျောက်ပျက်အောင် မည်သို့ ကာကွယ်ပေးခဲ့သလဲ၊ ဤ "နူးညံ့သောအာဏာ" ကို အသုံးပြု၍ အနာဂတ် မျိုးဆက်သစ် တော်လှန်ရေးသမားများကို မည်သို့ မွေးထုတ်နိုင်မည်လဲ ဆိုသည်ကို ဆွေးနွေးတင်ပြပါမည်။ (၁) ဗမာမှုပြုခြင်းကို တွန်းလှန်သော လက်နက် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက်၊ "မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်" အောက်တွင် တိုင်းရင်းသား ဘာသာစကား သင်ကြားခွင့်များကို ပိတ်ပင်ခဲ့သည်။ ဤသည်မှာ လူမျိုးတုံးစေရန် ရည်ရွယ်သော "ဗမာဇာတ်သွင်းခြင်း" မူဝါဒ၏ တစိတ်တပိုင်း ဖြစ်သည်။ သို့သော် မွန်လူမျိုးများသည် လက်နက်ကိုင်တိုက်ပွဲ တဖက်၊ စာပေတိုက်ပွဲ တဖက်ဖြင့် ဤဖိန...

Latest Posts

သမိုင်းသည် အဘယ်ကြောင့် ထပ်နေသနည်း

ထိုင်းနိုင်ငံခြားရေးမူဝါဒနှင့် မွန်တော်လှန်ရေး

ဟံသာဝတီကို လွမ်းနေရုံနဲ့ နိုင်ငံပြန်မရနိုင်